Pages

About Me

My photo
ပြောစရာရှိရင် blackhacker2111@gmail.com သို့လှမ်းမေးနိုင်ပါသည်
Powered by Blogger.
 

Saturday, August 25, 2012

၁၉ နှစ်အရွယ် ဂျပန်မကလေးက ထူးဆန်းသောခန္ဓာကိုယ် အနုပညာကိုပြသ

0 comments



ဂျပန်နိုင်ငံ တိုကျိုမြို့ မူဆာရှီနို အနုပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ ချိုဆန်း(၁၉နှစ်)သည် အခရိုင်းလစ်ဆေးများကို အသုံးပြုကာ ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်၌ မျက်လုံး၊နှုတ်ခမ်း၊ ဇစ် အစရှိသည်တို့ကို ရေးဆွဲပြီး ထူးဆန်းသော အနုပညာတင်ဆက်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။



                                                                                            



     ပြည်မြန်မာဂျာနယ်မှ သိသမျှ ။

မိန်းကလေးတွေ ကြိုက်နှစ်သက်စေမဲ့ ယောကျာ်လေးတယောက်ရဲ့ အရည်အသွေးများ

0 comments




                                                                 

(၁) အရပ်ရှည်သော ယောက်ျားလေးများ

(၂) လက်ချောင်းလေးများလှသော ယောကျာ်းလေးများ

(၃) body spray အမြဲသုံးပြီး ဘေးက ဖြတ်သွားရုံနှင့် သင်းပျံ့သော မွှေးရနံ့ကို ပေးစွမ်းနိုင်သော ယောကျာ်းလေးများ

(၄) ဆေးလိပ်သောက်သောအခါ နိုင်ငံခြားမင်းသား Keanu Reeve ကဲ့သို့ မိန်းကလေးများအပေါ် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သော ယောကျာ်းလေးများ

(၅) ရုပ်မချောသော်လည်း ယောကျာ်းပီသ ခန့်ညား သပ်ရပ်သော ယောကျာ်းလေးများ

(၆) စမတ်ကျကျ ၀တ်တတ်သော ယောကျာ်းလေးများ

(၇) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့သော ၊ ယဉ်ကျေးသော ယောကျာ်းလေးများ

(၈) ရုပ်မချောသော်လည်း စိတ်သဘောထားကောင်းမွန်သော ယောကျာ်းလေးများ

(၉) ဥစ္စာပေါ၊ ရုပ်ချော ယောကျာ်းလေးများ
(၁၀) စတိုင်ကျသော၊ နေပုံထိုင်ပုံကြည့်ကောင်းသော ယောကျာ်းလေးများ



စိတ်ဓါတ်ပိုင်းဆိုင်ရာ

(၁) တိရိစ္ဆာန်လေးများ အပေါ် ကြင်နာသနားတတ်သော ယောကျာ်းလေးများ

(၂) မိန်းကလေးများနှင့် အရောတ၀င်မရှိပဲ အနေထိုင် တည်ငြိမ်သော ယောက်ျားလေးများ
(၃) ယောကျာ်းပီသကာ သတ္တိရှိပြီး ပြဿနာတိုင်းကို ရဲရဲဝံ့ရင်ဆိုင်ဖြေရှင်းနိုင်သော ယောကျာ်းများ

(၄) မည်သူ့အပေါ်မဆို လေးလေးစားစား ဆက်ဆံပြီး ကိုယ့်ကိုကိုယ် နှိမ့်ချတတ်သော ယောက်ျားများ
(၅) သူတပါး၏ အပြုအမူကို သရော်လှောင်ပြောင်ခြင်းမပြုတတ်သောယောကျာ်းများ

(၆) ဟာသဥာဏ်ရွှင်သော ယောကျာ်းလေးများ

(၇) အပြောကောင်းသော ယောကျာ်းလေးများ

(၈) အပြောမကောင်းသော်လည်း စိတ်သဘောထားဖြူစင်သော ယောကျာ်းများ

(၉) မလိုအပ်ပဲ စကား အပိုမပြောတတ်သော တည်ကြည်မြင့်မြတ်သော ယောက်ျားများ
(၁၀) သူတပါး၏ အကြံဥာဏ်ကို လေးလေးစားစား လိုက်နာတတ်သောယောကျာ်း



အကျင့်စာရိတ္တ

(၁) အပျော်အပါး မမက်သော ယောကျာ်း
(၂) အိုင်တွေ့တိုင်းခြေမဆေးတတ်သောယောကျာ်းလေးများ (ဟန်ဆောင်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တကယ်ပဲဖြစ်ဖြစ်)

(၃) ဒေါသမကြီးဘဲ အရာရာ ကို သည်းခံခွင့်လွှတ် အနစ်နာခံတတ်သော၊ သဘောထားကြီးသော ယောကျာ်းလေးများ

(၄) အလုပ်တစ်ခုကို စေ့စပ်သေချာစွာလုပ်တတ်သော၊ စည်းစနစ်ကျသော၊ စည်းကမ်းကြီးသော ယောက်ျားများ

(၅) သမာသမတ်ကျသော၊ မဟုတ်မခံတတ်သော ယောကျာ်းလေးများ

(၆) အမှန်ကို ၀န်ခံတတ်ပြီး လိမ်လည် လှည့်စားမှုနည်းသော ယောကျာ်းများ
(၇) အရာရာကို ကောင်းသည့်အမြင်ဖြင့် ကြည့်တတ်သော ယောကျာ်းများ



မိန်းကလေးအများစု သတ်မှတ်ထားတတ်တဲ့ အရည်အချင်း

(၁) ပညာရေးတွင် ထူးချွန်ထက်မြက်ကာ အရည်အချင်းရှိသော ယောက်ျားများ

(၂) ဥာဏ်အမြော်အမြင်ရှိကာ အရာရာကို လာဘ်မြင်သော၊ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်သော ယောက်ျားများ

(၃) ဥာဏ်ကောင်းပြီး ဆိုလိုရင်းကို အလွယ်တကူ နားလည်သဘောပေါက်သော ယောက်ျားလေးများ

(၄) မိန်းကလေးတစ်ယောက်ကို ပျော်ရွှင်အောင်ထားနိုင်သော ယောကျာ်းလေးများ

(၅) မိန်းကလေးအပေါ်တွင် အလိုလိုက်ပြီး အလျှော့ပေးဆက်ဆံတတ်သော ယောကျာ်းလေးများ

(၆) ခေတ်ပေါ်ဂီတနှင့်ပတ်သက်သော တူရိယာတစ်မျိုးမျိုးတီးတတ်သော ၊ (ဥပမာ တယော၊ ဂစ်တာ၊ DJ, drum) ၊ အနုပညာကို ခံစားတတ်သော ယောကျာ်းလေးများ
(၇) မိန်းကလေးတစ်ယောက်အပေါ် နားလည်မှုအပြည့်အ၀ပေးနိုင်သော ယောကျာ်းလေးများ



မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးထဲက သူတို့ ချစ်သူဆိုတာ ဒါမျိုးတွေနဲ့ ကိုက်ညီမှ..

(၁) ချစ်သူ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်သော ယောကျာ်းလေးများ

(၂) ချစ်သူက လွဲပြီး တလောကလုံးမှာ ရှိရှိသမျှ မည်သို့သော မိန်းကလေးကိုမှ စိတ်မ၀င်စားသောယောကျာ်း (အီစီကလီ မလုပ်သော၊ မကျူသော)

(၃) ချစ်သူကို ယုံကြည်စိတ်ချကာ သံသယစိတ်မဖြစ်တတ်သော ယောကျာ်းများ

(၄) ပြဿနာဖြစ်လာလျှင် ချစ်သူ၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ ပြဿနာအားလုံးကို လည်စီးခံသော ယောက်ျားလေးများ

(၅) ချစ်သူ၏ အခက်အခဲအားလုံးကို ကူညီဖြေရှင်းပေးနိုင်သော အားကိုးအားထားပြုသင့်သည့် ယောကျာ်းကောင်း

(၆) အရာအားလုံးထက် ချစ်သူကို ဦးစားပေးသော၊ ချစ်သူကို နံပါတ်တစ်နေရာမှာထားသော ယောက်ျားလေးများ

(၇) ချစ်သူအပေါ် အဖေလို အစ်ကိုတစ်ယောက်လို စောင့်ရှောက်ကာ အမြဲ စိတ်ပူလေ့ရှိသော၊ သ၀န်တိုတတ်သော ယောကျာ်းလေးများ

(၈) ချစ်သူအပေါ် နွေးထွေးစွာ ဆက်ဆံသောယောကျာ်းများ

(၉) ချစ်သူ၏ အကြိုက်ကိုသိသော၊ ချစ်သူကြိုက်တတ်သည့် အရာဆိုလျှင် အသေးစိတ်ကအစ မှတ်ထားတတ်သော ယောက်ျားများ
(၁၀) ချစ်သူများနေ့၊ ချစ်သူနှစ်ဦး၏အထိမ်းအမှတ်နေ့များ၊ ချစ်သူ၏မွေးနေ့ အစရှိသော နေ့ရက်များတွင် ချစ်သူမိန်းကလေးကြိုက်နှစ်သက်မည

်ထင်ရသော လက်ဆောင်ပစ္စည်းများ အမြဲလိုလို ၀ယ်ပေးတတ်သော ယောကျာ်းများ

(၁၁) ချစ်သူကို ယုံကြည်စိတ်ချကာ သံသယစိတ်မဖြစ်တတ်သော ယောကျာ်းများ

(၁၂) ချစ်သူစိတ်ဆိုးလျှင် စိတ်ကောက်ပြေသည်အထိ နည်းလမ်းအမျိုးမျိုးရှာကြံကာ ချစ်သူကို ကလေးတစ်ယောက်လိုသဘောထားပြီး ချော့မြူတတ်သော ယောကျာ်းလေးများ
ကဲ သင့်မှာကော ဒါတွေ ရှိရဲ့လား မရှိရင် ကြိုးစားထားနော်

မာစီဒီး မှ ထုပ်လုပ်သော ကိုယ်ယောင်ဖျောက် ကား နည်းပညာ မိတ်ဆက် (သတင်း/ရုပ်သံ)

0 comments



မာစီဒီးမော်တော်ယာဉ်ကုမ္မဏီရဲ့  ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပါတယ်။ ကားကိုယ်ပျောက်ဆိုပေမယ့် အမှန်တော့ အမြင်ကို လှည့်စားခြင်း ဖြစ်ပါ တယ်။ ကားရဲ့ ဘော်ဒီကို စူပါ LED မီးလုံးအရေလွှာနဲ့ ခြုံလိုက်ပြီး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ တိုက်ရိုက် ပုံရိပ်တွေကို LED မီးလုံးတွေပေါ်မှာ ထင်နေစေမှာ ဖြစ်ပါတယ်။ ဟိုက်ဒရို လောင်စာသုံးFcell ကားလို့အမည်ပေးထားပြီး အမှန်တကယ် ကိုယ်ပျောက်စေနိုင်အောင် ဆက်လက်ကြိုးပမ်းမှာဖြစ်ပါတယ
်။
လက်ရှိမှာတော့ ကားတစ်ကိုယ်လုံး ကိုယ်ပျောက်နိုင်ဖို့အတွက် အပြင်တစ်ထပ်မှာ LED မီးလုံး
အရေလွှာခြုံနေရပါသေးတယ်။ ပြီးတော့ Resolution ကောင်းကောင်းကင်မရာလည်း လိုအပ်ပါတယ်။ ဒီလို ပစ္စည်း ပစ္စယ အပိုတွေ မလိုအပ်တော့မယ် ကိုယ်ယောင်ဖျောက်နိုင်တဲ့ ကား နည်းပညာကို မာစီဒီး က မဝေးတော့တဲ့ အနာဂတ်မှာ ထုတ်ဖော်ပြသတော့ မယ် လို့ ဆိုထားပါတယ်။ 
 


sky rain face book မှ သိသမျှ ။

Only in China.... (1)

0 comments




ဒီတစ်ခါတော့ ဆွေမျိုးပေါက်ဖော်...အချစ်တော်ကြီးတို့ တိုင်းပြည်က အရယ်အမောနဲ့ ပြန်
ပြောပြချင်တဲ့ ဓါတ်ပုံလေးများပါပဲ...

အောင်မယ်လေး...သေပါပြီရှင်...
လုပ်ရက်ပါပေ့ ဘတ်စ်ကားဒရိုင်ဘာရယ်...

မြန်မြန်ဘေးဖယ်...အရေးပေါ်လူနာတင်ကားလာနေတယ်...
ဆေးသွင်းနေတဲ့ ပုလင်းကို တုတ်နဲ့ အပြင်ထုတ်ထောင်ထားတော့ တစ်ခြားကားတွေ
သိရတာပေါ့ ...

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အရေးပေါ်သုံးဂေါ်ပြားဒယ်အိုးဖြင့် 
ကြက်ဥကြော်နေပုံ...

ရထားပေါ်က ကုသိုလ်ဖြစ်တိုင်ပါတ်အက...
ပွဲမ၀င်ခင်အကြိုနမူနာလေ့ ကျင့် နေတာများလား...

တရုတ်ဘဘရဲ့ ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်ရေ နဲ့ မခွဲမခွါ...

ရွှေပြည်ကြီးကလမ်းပျက်တာလောက်ကိုသနားတယ်...
လေကောင်းလေသန့် ရအောင်များကြံစည်ထားလေသလားပဲ...
တစ်ခြားဘယ်မှာမှ မရှိယင်တော့ အဲဒီအိမ်သာ၊ ရေချိုးကန်ပဲ သုံးရမှာပါပဲ...

စည်းကမ်းဖောက်လို့ ကတော့ ရဲကားလည်းမရှောင်ဘူး ဖမ်းမှာပဲ...

သြော်...ဘိလိယက်ဘောလုံးကိုများလွဲချော်မှာစိုးလေသလားဗျာ...
ဓါတ်တိုင်သာနှုတ်ပြီး ထိုးလိုက်ပါတော့ ...

သိုင်းမင်းသားရဲ့ ပိုးဝိဥာဉ်မင်းသားများလား...
အရူးဒီဇိုင်းနဲ့ တူတယ်...

ကစားတာလား...ကျီစားတာလား...

သြော်...ရက်စက်ပါပေ့ ကွယ်...
အန္တရယ်မလွယ်ထားနိုင်သူကိုမှ အနိုင်ကျင့် ရက်လေအားတယ်...

ဒီလိုဖြစ်အောင်ဘယ်လိုများမောင်းလေသည်မသိ...
အဲဒီယာဉ်မောင်းဆီက သင်ထားသင့် တယ်...

ကျပ် 5000 တန် Sim Card များရောင်းချမည် ဆိုခြင်းမှာ မဟုတ်မှန်

0 comments


article-image
ရန်ကုန် (ဂျန်နဝါရီ ၉) - ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀၀ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေသော ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၏ ရလဒ်အဖြေအရ ၅၀၀၀ တန် Sim Card ရောင်းချမှု ဖြစ်လာမည်မဟုတ် ကြောင်း သိရသည်။
“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိ တဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်း တို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်း​တွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ် ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက သတင်းထောက်တစ်ဦး ၏ မေးမြန်းမှု အပေါ်ပြန်လည်​ဖြေကြားခဲ့သည်။ ၄င်းမှာ နည်းဥပဒေအရ မဖြစ်နိုင်ကြောင်း ကိုထောက်ပြခဲ့သည့်အချက်ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင်လည်း မြန်မာ့ဆက် သွယ်ရေး အနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော ကိစ္စဖြစ်သောကြောင့် တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလို​ကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက်ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်​ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်း စသည်​ဖြင့် နည်းပညာအရ မဖြစ်နိုင်သေးသည့် အခြေအနေများကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်နှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးခဲ့သည်။
ထို့ကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ၅၀၀၀ တန်ဆင်းမ်ကဒ်ရောင်းချရန် နိုင်ငံတော် သမ္မတရုံးသို့ လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်ပြီး လက်ရှိ အခြေအနေတွင် လုပ်ကိုင်ခွင့်မရသေးကြောင်းလည်း သိရသည်။ ၅၀၀၀ တန် ဆင်းမ်ကဒ်ရောင်းချ​မည့် သတင်းသည် အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ စိတ်ဝင်စားသော သတင်းတစ်ခုဖြစ်လာခဲ့သည်။

တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀န်ဆောင်မှု ကို Google စတင်

0 comments

fiber_20120727051550_640_480
သတင်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့် Google က အမေရိကန် နိုင်ငံ
တွင်း ရှိ အင်တာနက် ၀န်ဆောင်မှု များ ၏ ပျမ်းမျှ မြန်နှုန်း ထက် အဆ ၁၀၀ ပိုမို သာ လွန် မှု ရှိ
သည် ဟု ဆိုသော  Google Fiber အင်တာနက် ၀န် ဆောင် မှု ကို ကန်ဆပ်(စ) စီတီး မစ်ဇူရီ
ပြည်နယ် တွင် စက်တင်ဘာလ မှ စပြီး စတင် တော့ မည် ဖြစ်သည်။ 

Fiber ၀န်ဆောင်မှု ကို မတ်လ က ကန်းဆပ်(စ) စီတီး ကန်းဆပ်(စ) မြို့  တွင် စတင် ခဲ့ ပြီး နောက်
နောက် ထပ် တစ် မြို့  တိုးချဲ ခဲ့ ခြင်း ဖြစ်သည်။ ကနီဦး တပ် ဆင် ခ ဒေါ်လာ ၃၀၀ ကျသင့် မည် ဖြစ်
ပြီး တစ်နှစ် စာ ချုပ် သက် တမ်း အတွက် တစ်လလျှင် ဒေါ်လာ ၇၀ ၀န်ဆောင် ကြေး ပေး ရမည်
ဖြစ်သည်။
ရုပ်သံ လိုင်း ပါ ပါဝင်ပါ က တစ်လလျှင် ဒေါ်လာ ၁၂၀ ကျသင့် မည် ဖြစ်သည်။  ရံဖန် ရံ ခါ တွင်
မြန်မာ နိုင်ငံ တွင်း ရှိ အင်တာ နက် မြန်နှုန်း ထက် ပင် ပိုမို မြန်ဆန်သည့် 5Mbps ဆိုလျှင် Google
က တပ် ဆင် ကြေး သာ ယူ၍ ၀န်ဆောင်ခ ယူမည် မဟုတ် ဟု Google Fiber ဘလောက် တွင်
ကြေငြာထား သည်။
Google ၏ မြန်နှုန်း မြင့် အင်တာနက် ၀န်ဆောင်မှု သည် အမေရိကန် နိုင်ငံ တွင်း ရှိ အခြား အင်တာ
နက် နှင့် ရုပ်သံ လိုင်းများ ဖြစ်သည့်   Comcast နှင့် Dish Network  တို့  ၏ ဈေးကွက် ကို စိမ်
ခေါ် ရာ ရောက် နေသည် ဟု Tech Crunch က ရေး သား ထား သည်။
ကန်းဆပ်(စ) စီတီး မှ အင်တာနက် သူဆွဲ သူ ဖေဘီယန် ရူဒေါဖ် က မကြုံ ဘူး တဲ့ အမြန်နှုန်း ပဲ မိုး
ပြို ဆင်း လာသ လို ပဲ ဟု CNET ကို ပြောသည်။
အင်တာနက် နှင့် ရုပ်သံ တွဲဖက် ထား သည့် ၀န်ဆောင်မှု ကို ရယူလျှင် ဒေါ်လာ ၃၀၀ နီးပါး တန်ကြေး
ရှိသည့် Google Nexus 7 tablet ကို အခမဲ့ ရရှိ မည် ဖြစ်သည်။
လစဉ် အမြတ်ငွေ ဒေါ်လာ သန်း ထောင်ချီ ရှိသည့် Google ၏ အင်တာနက် ၀န်ဆောင် မှု တွင် ဖိုင်
ဘာ ဖန်မျှင် ဆက်သွယ် မှု ကို အသုံး ပြုထား သည်။

Google Fiber